နောက်ပြန်အသက်ရှင်ခြင်း
ချီကာဂိုမြစ်သည် သာမန်မဟုတ်ဘဲ နောက်ပြန် စီးဆင်းသည်။ မြို့နေလူထုက မြစ်ထဲ အမှိုက်ပစ်ကြသောကြောင့် အင်ဂျင်နီယာများက လွန်ခဲ့သောနှစ် ၁၀၀ ခန့်ကပင် ရေစီးကြောင်းကို ပြောင်းပြန်စီးအောင် အားထုတ်လုပ်ဆောင်ခဲ့ကြ သည်။ ရေဆိုး၊ အညစ်အကြေးနှင့် စက်ရုံစွန့်ပစ္စည်း အမှိုက်များမှာ မြစ်ထဲသို့စီးဝင်ပြီး ထို့နောက် မီရှီဂန် ကန်ကြီးထဲရောက်သွားသည်။ မြို့လူထုအတွက် ထိုရေကန်မှ သောက်ရေသုံးရေကို ထုတ်ယူသုံးစွဲ သဖြင့် မြို့အာဏာပိုင်များက ရေကန်မှဝေးရာသို့ နောက်ပြန်ရေစီးအောင် မလုပ်ဆောင်မီအထိ လူထောင်ပေါင်းများစွာ သေကြေပျက်စီးရသည်။
သခင်ယေရှုလောကတွင် ကျင်လည်စဉ်က ပြောင်းပြန်ဖြစ်နေကြောင်းတွေ့ရ သည်။ ဘုန်းကြီးသောဘုရင်သည် ဤလောကသို့ နုနယ်သောကလေးငယ်အဖြစ် ရောက်ရှိလာရသည်။ လူ့ဇာတိခံသော ဘုရားသခင်သည် ပြစ်တင်ရှုတ်ချခြင်းများကို ခံစားခဲ့ ရသည်။ တစ်ဦးတည်းသော အပြစ်နှင့်ကင်းစင်သည့် လူသားသည် ရာဇဝတ်သားကဲ့သို့ ကားတင်သတ်ခြင်းခံခဲ့ရသည်။ သို့သော်ယေရှုသည် ဘုရားအလိုတော်နှင့်အညီ လောကကြီး၌ အသက်ရှင်နေထိုင်ခဲ့သည် (ယော ၆း၃၈)။
ခရစ်တော်၏နောက်လိုက်များအနေနှင့် ယေရှု၏အပြုအမူသဘောထားများကို…
ပျက်သွားသော ခရစ်စမတ်အစီအစဉ်
လွန်ခဲ့သောနှစ်က ကျွန်မတို့၏ ခရစ်စမတ် အစီအစဉ် ပျက်သွားသည်ဟု ခံစားခဲ့ရသည်။ စင်စစ် မစ်ဇိုရီပြည်နယ်ရှိ မိသားစုထံ သွားရောက် လည်ပတ်ရန် စီစဉ်ထားပြီးမှ နှင်းမုန်တိုင်း ဒဏ်ကြောင့် လေယာဉ်ခရီးစဉ် ပျက်သွားသည်။ ခရစ်စမတ်တွင် မိသားစုများတွေ့ဆုံခြင်းက နှစ် အတန်ကြာမျှ အစဉ်အလာဖြစ်ခဲ့ပြီး ယခုတွင် မင်နီဆိုတာပြည်နယ်အထိ ရောက်ခဲ့ပြီးမှ မီချီဂန်သို့ လှည့်ပြန်လာရသောကြောင့် ကျွန်မတို့ အလွန်မှ စိတ်ပျက်ခဲ့ရသည်။
တနင်္ဂနွေနေ့ ရောက်သောအခါ သင်းအုပ်ဆရာက ခရစ်စမတ်မျှော်လင့်ခြင်း အကြောင်း တရားဟောသည်။ စင်စစ်ကျွန်မတို့ မစ်ဇိုရီသို့ ရောက်နေပါက ထိုတရားဟောချက်ကို လွတ်သွားမည်ပင်။ “ခရစ်စမတ်မှာ လက်ဆောင်ရဖို့၊ မိသားစုနဲ့အချိန်ယူဖို့ ဒီလောက်ပဲ ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်က နည်းတာပေါ့။ အဲဒါတွေက ကောင်းပါတယ်။ ကျေးဇူးတင်ဖို့လည်းကောင်းတယ်။ ဒါပေမဲ့ ခရစ်စမတ်မှာ ခရစ်တော်ကြွလာတော်မူခြင်းနဲ့ ကိုယ်တော်ရဲ့ကယ်တင်ခြင်းကို ဝမ်းမြောက်ခံစားရမှာ ဖြစ်တယ်”ဟုဆိုခြင်းကြောင့် ကျွန်မ အာရုံစိုက်မိသွားသည်။
ယောသပ်နှင့်မာရိက သူငယ်တော်ကို…
တွန်းအားသစ်
၁၆ ရာစုနှစ်က မက်စီယို ရစ်စီသည် တရုတ်ပြည်သို့ ထွက်သွားရာ ခရစ်ယာန်ပုံပြင်များ ကို တစ်ခါမှ မကြားဖူးသေးသူများအတွက် သူက ခရစ်ယာန်ပန်းချီကားချပ်ရုပ်ပုံများ ယူသွားပြီး ပြသခဲ့ သည်။ မယ်တော်မာရိက သခင်ယေရှုလေးကို ပွေ့ချီထားပုံကို သူတို့က လက်သင့်ခံသည်။ သို့သော် ကားတိုင်ပေါ်အသေခံခြင်း ရုပ်ပုံကိုပြပြီး ဘုရားသားတော် အသတ်ခံရခြင်း အကြောင်းပြောပြ ရန် ကြိုးစားသောအခါ ပရိသတ်များ ထိတ်လန့် တုန်လှုပ်လျက် လက်မခံကြပါ။ ကားတိုင်ပေါ် အသေခံရသည့် ဘုရားကို သူတို့ လက်မခံကြပါ။
ခရစ်စမတ်ကဒ်တစ်ခုစီကို ပြန်ကြည့်ရင်း ကျွန်တော်တို့လည်း ထိုနည်းလည်းကောင်း ဖြစ်နေ ကြောင်း သဘောပေါက်ခဲ့သည်။ ခရစ်စမတ်ပွဲတော် အစဉ်အလာများ ကျင်းပသည့်အခါ ဗက်လင်မြို့တွင်စခဲ့သောဇာတ်လမ်းက ကရာနီ ကားတိုင်တွင် အဆုံးသတ်ကြောင်း ကျွန်တော်တို့ စဉ်းစားမိမည် မဟုတ်ပါ။
ရှင်လုကာရေးသားသည့် ဖွားမြင်တော်မူခြင်း ခရစ်စမတ်အကြောင်းတွင် အဖိုးအို ရှုမောင်တစ်ဦးတည်းသာလျှင် ဘုရားသခင်ပြင်ဆင်သည့်…
တည်မြဲသော ဆုလာဘ်
ယူကရိန်းအားကစားသမား ‘လာရီစာလက်တီ နီနာ’သည် အိုလံပစ်ဆုတံဆိပ် (၁၈)ခု ရရှိထား ကြောင်း မှတ်တမ်းဝင်သည်။ ၁၉၅၆၊ ၁၉၆၀ - ၁၉၆၄ ခုနှစ် အိုလံပစ်ပွဲများတွင် သူ ဆုရခဲ့ခြင်း ဖြစ်သည်။ မိုက်ကယ် ဖဲပ်စ်က ၂၀၁၂ လန်ဒန် အိုလံပစ်ပွဲတွင် မီတာ ၂၀၀၊ (၄)မျိုးစုံ အလွတ်ကူး ရေကူးပြိုင်ပွဲတွင် (၁၉) ခုမြောက် ရွှေတံဆိပ်ကို ရရှိခဲ့ရာ၊ ၄၈ နှစ်ကြာ တည်ရှိခဲ့သော မှတ်တမ်းစံချိန် ချိုးသွားသည်။ “လာရီစာလက်တီ နီနာသည် သမိုင်း၌ ပျောက်ကွယ် သွားပြီ။ ဆိုဗီယက်ယူနီယံပြည်ထောင်စုကြီး အစိတ် စိတ်အမြွှာမြွှာပြိုကွဲသောအခါ သူ့အကြောင်းကို ကျွန်ုပ်တို့ မေ့သွားသည်”ဟု နိုင်ငံတကာအားကစား မဂ္ဂဇင်းထုတ်ဝေသူက ဆိုသည်။
တမန်တော်ကြီးရှင်ပေါလုက မိမိ၏ အားထုတ်ကြိုးစားမှုများကို လူတို့မေ့ပျောက်တတ် ကြောင်း သတိပေးခဲ့သည်။ အားကစားသမားများသည် စနစ်တကျ လေ့ကျင့်လျက် ပျောက်ပျက်နိုင်သော…
ဝတ်စုံလား၊ ယူနီဖောင်းလား
ခရစ်ယာန်တပည့်တော်ဖြစ်သင်တန်း တစ်ခုတွင် ဆရာမ “ယူးနစ် မက်ဂါရာဟန်”က “လူမျိုးတစ်ခုခု၏ ရိုးရာ/ အမျိုးသားဝတ်စုံကို သင် ဝတ်ဆင်လျှင် သင်က ထိုလူမျိုးအဖြစ် ဟန်ဆောင် ခြင်းဖြစ်သည်။ ယူနီဖောင်းတစ်ခုခု သင်ဝတ်ဆင် ထားလျှင်မူကား မိမိဝတ်ထားသည့် ယူနီဖောင်း အတိုင်း ဖြစ်တည်ရမည်”ဟု ပြောသည်။
သူ့မှတ်ချက်ကြောင့် အမေရိကန် တပ်မတော်၌ အခြေခံစစ်ရေးပြ သင်တန်း တက်ရောက်စဉ်က ပထမဆုံးနေ့ရက်ကို ပြန်သတိရ မိသည်။ ကျွန်တော်တို့ကို သေတ္တာတစ်လုံးစီပေးပြီး အရပ်သားဝတ်စုံများထည့်ရန် အမိန့်ကျလာသည်။ ထို့နောက် ထိုသေတ္တာကို ကျွန်တော့်အိမ်သို့ ပြန်ပို့ လိုက်သည်။ ထိုနေ့နောက်ပိုင်း (ဒုတိယနေ့မှစ၍) ဝတ်ဆင်ရသည့် ယူနီဖောင်းကြောင့် ကျွန်တော်တို့သည် မိမိ၏စရိုက်သဘောနှင့် အပြုအမူများကို ပြောင်းလဲပစ်ရေး စည်းကမ်း ကြပ်မတ်ကာ လေ့ကျင့်ပေးမည့်ကာလအပိုင်းအခြားသို့ ဝင်ရောက်ခဲ့ကြောင်း ကျွန်တော်တို့ ကို သတိပေးနေတော့သည်။
“မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍ အလင်း၏လက်နက်စုံကို ဝတ်ဆင်ဆောင် ရွက်ကြကုန်အံ့”…
မယုံကြည်သူအတွက် မျှော်လင့်ချက်
လုပ်ငန်းခွင်မှ ဝန်ထမ်းများအတွက် အမှုတော်ဆောင်သူအဖြစ် ထမ်းဆောင်စဉ် လူအမျိုးမျိုးနှင့် ကျွန်တော်စကားပြောခွင့်ရခဲ့သည်။ အချို့က ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို သံသယ ဖြစ်ကြသည်။ ကယ်တင်ခြင်းအတွက် ခရစ်တော်ကို ယုံကြည်ရန် အခက်အခဲဖြစ်စေသည့် အဓိက အချက် (၃)ချက်ကို ကျွန်တော်တွေ့ခဲ့သည်။
“ဘုရားရှိကြောင်း ယုံကြည်ရန်ဆန္ဒ မရှိပါ” ဟူသည့်အချက်က ပထမအချက် မဟုတ်ခြင်းက အံ့သြစရာပါ။ “ဘုရားက ၎င်းတို့ကို ဂရုစိုက်ရလောက်အောင် သူတို့သည် အရေးပါသူ ဖြစ်သလား”ဆိုသည့်အချက်က ပထမအချက် ဖြစ်နေသည်။ ဒုတိယအချက်မှာ ကိုယ်တော်၏ ခွင့်လွှတ်ခြင်းနှင့် သူတို့မထိုက်တန်ဟုဆိုသည်။ တတိယအချက်မှာ ဘုရားသခင် ရှိနေပါသည် ဆိုလျှင် ၎င်းတို့နှင့် အဘယ်ကြောင့် မဆက်သွယ် သနည်းဟု အတွေးဝင်နေခြင်းဖြစ်သည်။
ထိုအတားအဆီး (၃)ရပ်ကို ပြန်ကြည့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဘာပြောသည်ကို လေ့လာကြပါမည်။ ရှေ့ဦးစွာ ဘုရားသခင်သည် လူကိုမကစား၊ အရူး မလုပ်ပါ။ နှုတ်ကပတ်တော်ကိုဖတ်ပါက…
အပေးပြိုင်ပွဲ
ခရစ်စမတ်အချိန်၌ ထုတ်လွှင့်သော ကြော်ငြာတစ်ခုတွင် မည်သူကပို၍ ခရစ်စမတ်အချိန် ကို ပျော်ရွှင်စရာကောင်းအောင် လုပ်ဆောင်နိုင် မည်နည်းဟု ခင်မင်ရင်းနှီးစွာ ပြိုင်ဆိုင်သော အိမ်နီးချင်းနှစ်ဦး အကြောင်းကို ပြသသည်။ တစ်ဦးနှင့် တစ်ဦး အလစ်မပေးဘဲ စောင့်ကြည့်ကာ အိမ်အလှဆင်သည်။ သစ်ပင်၌ မီးထွန်းသည်။ ထို့နောက် မိမိတို့ ပိုင်ဆိုင်သည့်ပစ္စည်းများကို ပို၍ ကြည့်ကောင်းရန် ပြင်ဆင်ကြသည်။ ထို့နောက် အခြားအိမ်နီးချင်းများကို ပျော်ရွှင်စွာ အပြေးအလွှား လက်ဆောင်ပေးခြင်းဖြင့် မည်သူက ပို၍ နှမြော တွန့်တိုခြင်းမရှိဘဲ လက်ဆောင်များ ပေးနိုင်သည်ကို ပြိုင်ကြသည်။
ဘုရား၏လူများအနေဖြင့် မည်သူပို၍ ပေးနိုင်သလဲဟု ယှဉ်ပြိုင်ရန်မဟုတ်သော်လည်း “စွန့်ကြဲချင်သောစေတနာစိတ် အသင့် ရှိရန်” (၁ တိ ၆း၁၈) ခေါ်ယူခြင်းခံရသည်။ ကောရိန်သုမြို့၌ရှိသော အသင်းတော်အား တမန်တော်ရှင်ပေါလု က “နှမြောသောစိတ် နှင့် မလှူရ၊ မလှူဘဲမနေရဟုစိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား စေတနာစိတ်နှင့်…
အကောင်းနှင့် အဆိုး
မနာခံသော ပရောဖက်ယောနဝတ္ထု တွင် ကျွန်ုပ်တို့ ပိုကောင်းလာရေး ကျွန်ုပ်တို့ကို စိန်ခေါ်ရန်နှင့် ပြောင်းလဲရန် ဘုရားသခင်သည် ကောင်းချီးမင်္ဂလာနှင့် စုံစမ်းခြင်းနှစ်မျိုးလုံးကို အသုံးပြုကြောင်း ဖော်ပြထားသည်။ ယောနဝတ္ထု၌ ဘုရားသခင် အကောင်းနှင့်အဆိုး — အခြေအနေ နှစ်မျိုးလုံးကို ယောနအတွက် ပြင်ဆင်ထားကြောင်း ဖော်ပြထားသည်။
ယောန ၁း၎ တွင် ဘုရားသခင်သည် မုန်တိုင်းတစ်ခုကို စေလွှတ်လိုက်သည်။ ကိုယ်တော် သည် “ပြင်းစွာသောလေကို ပင်လယ်အပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီးစွာသော မိုးသက်မုန်တိုင်းဖြစ်၏။” ယောနသည် မုန်တိုင်း ကျစေသည့် တရားခံဖြစ်ကြောင်း သင်္ဘောသားတို့ သိရှိသွားသောအခါ သူ့အား ပင်လယ် ထဲသို့ ပစ်ချကြသည် (၁း၁၅)။ ထို့နောက် ရေနစ်ခြင်းဘေးမှ သူ့ကို ကယ်ရန်အတွက် ဘုရားသခင်သည် “ယောနကို မျိုစေခြင်းငှာ ငါးကြီးကို ခန့်ထားတော်မူခဲ့သည်” (၁း၁၇)။
ယောနဝတ္ထု၏နောက်ပိုင်းတွင် ယောနအရိပ်ရရန်အတွက် “ကြက်ဆူပင်ကို…
အလွန်အမင်း ကြောက်ရွံ့ခြင်း
၁၉၈၃ ခုနှစ်က ရက်သတ္တပတ် အတန်ကြာမျှ ကလေးသံစုံသီချင်းကို လေ့ကျင့် ပေးပြီးနောက်တွင် နှစ်စဉ်ကျင်းပသော ခရစ်စမတ် ဂီတ ပဒေသာည ရောက်ရှိလာခဲ့ပြီ။ ဝတ်စုံဆင်မြန်း ထားသော ကလေးများ ခန်းမအတွင်းသို့ ဝင်ရန် စတင်တန်းစီနေကြပြီး ရုတ်တရက်တံခါးအနောက် ဘက်မှ အသံတသံကိုကြားလိုက်ရ၍ ကျွန်ုပ်တို့ ဇနီး မောင်နှံ လှည့်ကြည့်လိုက်ရာ၊ ကျွန်ုပ်တို့၏သားငယ် မက် ဖြစ်နေသည်။ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသည့်ဟန်နှင့် ရှိုက်ကြီး တငင် ငိုကြွေးနေပြီး တံခါးလက်ကိုင်ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ကာ ခန်းမအတွင်းသို့ဝင်ရန် သူငြင်းဆန်သည်။ အတန်ကြာဖျောင်းဖျပြီး နောက်တွင် စီစဉ်သူက စင်မြင့်ပေါ်သို့ သူတက်စရာ မလိုကြောင်းပြောပြီး ကျွန်ုပ်တို့နှင့် ထိုင်စေသည်။ မကြာမီသူ၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားတော့သည်။
ခရစ်စမတ်ကို ကြောက်ရွံ့ရသည့် အချိန်အခါအဖြစ် ကျွန်ုပ်တို့သတ်မှတ်လေ့ မရှိသော်လည်း သခင်ခရစ်တော်မွေးဖွားသည့်ညက ကြောက်ရွံ့မှုများစွာ ရှိခဲ့သည်။ ရှင်လုကာက…
ခရစ်စမတ်မီးရောင်များ
နှစ်စဉ် ဒီဇင်ဘာလတွင် ကျွန်ုပ်တို့ နေထိုင်သည့် ရပ်ကွက်မှ အိမ်နီးချင်းမိသားစု ၁၃စု သည် လှပဝေဆာစွာ ခရစ်စမတ်မီးလုံး ၃သိန်း ထွန်းညှိ အလှဆင်ကြသည်။ လင်းလက်သော ရောင်စုံ မီးရောင်ကို ကြည့်ရန်၊ ၎င်းနှင့် လိုက်ဖက် အောင် စီစဉ်ထားသော တေးသံကို နားဆင်ရန် မိုင်ပေါင်းများစွာမှ လူများ ကားနှင့်ရောက်လာကြပြီး နာရီပေါင်းများစွာ တန်းစီစောင့်ကြည့်ကြသည်။ အသံနှင့်အလင်း အားလုံးစည်းချက်ညီစေရန် အသေးစိတ် စီစဉ်ရပြီး၊ ကွန်ပျူတာ ၆၄ လုံးဖြင့် ချိတ်ဆက် လုပ်ဆောင်ထားရသည်။ ထိုအလင်းရောင် အကြောင်းကို စဉ်းစားရင်း ခရစ်စမတ် အားလပ်ရက်ကိုဖြစ်စေသော အလင်းတော်ကို သတိရမိသည်။ တစ်ခုတည်းသောအလင်းတော်မှာ တောက်ပလွန်းလှသဖြင့် ကမ္ဘာကြီးကို သမ္မာတရား၊ တရားမျှတမှုနှင့် ချစ်ခြင်းများဖြင့် ထိန်ညီးစေတော့သည်။ အလင်းတော်ယေရှုကို လောကသားတို့ တောင့်တရှာဖွေနေသည် (ဟေရှာ…